Partition ဘယ်လိုပိုင်းမလဲ
Partition ဘယ်လိုပိုင်းမလဲ👨💻
Hard Disk Partition ကို ကိုယ်တိုင်ပိုင်းတတ်ချင်သူတွေအတွက်နဲ့ ၊ ပိုင်းပြီးသား partition ကို ထပ်ပိုင်းချင်သူများအတွက် partiton ပိုင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။ Partition မပိုင်းခင် မိမိကွန်ပျူတာ hard disk က ဘယ်လောက် GB ရှိသလဲ။ Partition ဘယ်နှစ်ပိုင်း ပိုင်းနှိင်မလဲဆိုတာကို အရင်ဦးဆုံး သိထားရမယ်။ ကျနော်တို့ က ပုံမှန်အားဖြင့် ရုံးမှာ ဝန်ထမ်းအသစ်တစ်ယောက်အတွက် ကွန်ပျူတာအသစ်မှာ Windows တင်းပေးပြီးသွားရင် partition သုံးပိုင်း ပိုင်းပေးပါတယ်။ Hard Disk Size က 500 GB ရှိတဲ့စက်မှာ C အပိုင်းကို Windows OS ထားဖို့ နဲ့ ၊ Software တွေ Install လုပ်ဖို့ အတွက် 120GB ပိုင်းပေးပါတယ်။ ကျနော်တို့ Install လုပ်လိုက်တဲ့ Software တွေက နေရာအထိအကျ ကိုယ်တိုင်မရွေးပေးရင် Windows ရှိတဲ့ C အောက်မှာ Install လုပ်ပါတယ်။ ကိုယ်က နောက်ထပ် ဆော့ဝဲလ်တွေ ထပ် Install ချင်ရင် C အပိုင်းကို မိမိ Hard disk Size ကိုကြည့်ပြီး Size များများပိုင်းထားခဲ့နိုင်တယ်။ ကျနော့်စက်မှာတော့ 1TB or 1000GB ရှိလို့ (တစ်မင်သက်သက်ကြွားတာ အဲ့ဒါ)😜partition ငါးပိုင်း ပိုင်းထားပါတယ်။ C အပိုင်းကို Windows10 OS နဲ့ software တွေ Install လုပ်ဖို့ အတွက် 195 GB ပေးထားပါတယ်။ D partition MyData ကိုမှာတော့ သီချင်း၊ Video စာအုပ်၊ ဓာတ်ပုံစသည့် ကိုယ်ပိုင် data တွေ သိမ်းထားဖို့  310GB ပေးထားတယ်။ E patition Software ဆိုတာကတော့ Installers software တွေ သိမ်းထားတဲ့ partition ပါ။ F drive က Windows backup အတွက် သီးသန့်  ထားတဲ့ partition ပါ။ နောက်ဆုံးတစ်ခုက Linux OS နဲ့ ပတ်သက်တာတွေသိမ်းထားတဲ့ partition ပါ။ Hard Disk Size နည်းတဲ့သူတွေ အနေဖြင့်တော့ partition နှစ်ပိုင်းတော့ အနည်းဆုံးပိုင်းထားရမယ်။ ဘာဖြစ်လို့ လဲဆိုတော့ တကယ်လို့ 
C တစ်ပိုင်းတည်းသာရှိပြီး Windows OS ပြုတ်သွားခဲ့ရင် အဲ့ဒီ C အောက်မှာရှိတဲ့ Documents,Download,Video,Pictures စသည့် သိမ်းထားသမျှ data အကုန်ဖျက်မှာပါ။ Windows တင်ပေးတဲ့သူတွေအနေဖြင့် Windows မတင်ခင် C အောက်က Documents,Download,Video,Pictures စသည့်နေရာတွေမှာ Data တွေ ရှိ၊မရှိ အရင်စစ်ပြီး၊ ရှိရင် တစ်ခြား partition ပေါ်မှာ ကူးထားရမှာပါ။ Windows တင်ပြီးသွားလို့  partition ပိုင်းဖို့ သေချာပြီးဆိုရင် Run box မှာ diskmgmt.msc ကိုရိုက်ထည့်ပါ။ This PC/My Computer ကို Right click\Manage\Storage\Disk Management အတိုင်း ဝင်လို့ လည်းရတယ်။ အဲ့ဒီမှာ မိမိစက်က Hard Disk 500 GB ရှိတဲ့ C တစ်ပိုင်းတည်းရှိတယ်ဆိုပါစို့ ။ အဲ့ဒီ C အပိုင်းကို right click နှိပ်ပါ။ ဒါမှ မဟုတ် တစ်ပိုင်းမကရှိသူတွေက ကိုယ်ထပ်ပိုင်းချင်တဲ့ အပိုင်းကို right click နှိပ်ပါ။ Unallocated Space ကိုတွေ့ ရင် အဲ့ဒါကို Right click နှိပ်ပြီး Shrink Volume ကို နှိပ်ပါ။ ပုံထဲမှာတော့ ကျနော်က C အပိုင်းကို ပြထားတယ်။ 195GB ကို နှစ်ပိုင်းပိုင်းမှာ ဆိုပါစို့ ။ ကျနော်က တကယ်မပိုင်းဘူးနော်။ Screenshot ရိုက်ဖို့ အတွက်ပဲ စမ်းလုပ်ထားတယ်။ အဲ့ဒီမှာ 195GB ကို MB နဲ့ တွက်ရင် စုစုပေါင်း 199998 MB ရှိတယ်။ အဲ့ဒီအောက်မှာ ဒီ 195GB ကို ထပ်ပိုင်းရင် ပိုင်းနှိင်မယ့် size ကို တွေ့ ရမယ်။ 199998MB မှာ စုစုပေါင်း ပိုင်းနိုင်မယ့် Size က 177276MB ပိုင်းနှိပ်ပါတယ်။ 199998MB ထဲက 22722MB မှာ Windows OS ရှိနေပါတယ်။ Windows 10 Fall creator update ဖြစ်တဲ့အတွက် စုစုပေါင်း 22 GB နီးပါးနေရာယူထားပါတယ်။ 177276MB မှာ ပိုင်းနှိင်မယ့် Size က 88638MB ပါ။ 88638MB ကို 2 နဲ့ မြှောက်ရင် 177276MB ရမှာပါ။ 88638MB နေရာမှာ ကိုယ်ပိုင်းချင်တဲ့ Size ပမာဏထည့်ပါ။ GB နဲ့ တွက်ရင် 82GB ရှိပါမယ်။ မိမိပိုင်းချင်တဲ့ ပမာဏအတိုင်း သူသတ်မှတ်ထားတဲ့ ပမာဏကို မကျော်စေပဲ ထည့်ပေးပါ။ 1 GB ကို 1024 MB ရှိတာလည်း သိထားရမယ်နော်။ Size ပမာဏပေးပြီးသွားရင် Next ကိုနှိပ်ပါ။ Assign Drive Letter or Path မှာ မိမိပေးချင်သည့် letter D,E,F,G စသည်ဖြင့် ပေးပါ။ ပေးပြီးသား၊ရှိပြီးသားကိုတော့ ပေးလို့  မရဘူး။ ရှိပြီးသား letter ကို တစ်ခြား letter ပေးပြီးမှ အခုပိုင်းမယ့် letter ကို ကိုယ်ပေးချင်တာ ပေးလို့ ရတယ်။ ပြီးရင် Next ကို ဆက်နှိပ်သွားပါ။ Completing the New Simple Volume Wizard လို့ ပေါ်လာရင် Finish ကိုနှိပ်ပါ။ Partition ပိုင်းတာ ပြီးသွားပါပြီ။ ဒါက ပုံမှန်အတိုင်း partition ပိုင်းတာဖြစ်ပါတယ်။ Server အတွက် partition တွေပိုင်းရင် Hard Disk တွေ များတဲ့အတွက် ဒီထက်ပိုရှုပ်ပါတယ်။ အခုဖော်ပြထားတဲ့နည်းအတိုင်း မလုပ်တတ်ရင် Thard party software တွေနဲ့ လည်း ပိုင်းလို့ ရတယ်နော်။
#NetComplus
Comments
Post a Comment