Windows Deployment Services
Windows Deployment Services
==================
Windows Deployment Services ဆိုသည်မှာ Network ပေါ်ကနေ Client PC တွေကို Windows တင်လို့ရတဲ့ Services ဖြစ်သည်။
Tutorial
=====
#Requirement
1. Domain Controller ( AD တင်ပြီးသား Server ကိုဆိုလိုခြင်းဖြစ်သည်။)
2. Client PC
Server
====
မိမိ၏ Server ကနေ WDS Service ကိုအသုံးပြုရန် -
1. Active Directory Domain Service
2.DHCP Server
3.Windows Development Services
4.Windows DVD
5.New Hard Disk Partition
6.Configuration WDS
# ကျွန်တော်တို့သုံးမှာက Windows Deployment Services ကိုသုံးမှာ ဘာကြောင့် Active Directory ,DHCP တွေ Install လုပ်ဖို့လိုအပ်ရတာလဲဆိုတော့
Active Directiory Domain Service မတင်ထားရင် WDS Service ကို အသုံးပြုပြီး Windows တင်လို့မရပါ။ ဘာကြောင့်လဲ ဆိုတော့ Windows တင်မည့်
အချိန်တွင် Client PC က WDS Service ကို အသုံးပြုထားတဲ့ Server ရဲ့ Acitve Directory တင်ထားတဲ့ Domain Name နဲ့ Password ကို တောင်းသော
ကြောင့်ဖြစ်သည်။ထို့ကြောင့် Active Directory Domain Service ကို Install လုပ်ရခြင်းဖြစ်သည်။
# DHCP Server ကို Install ပြုလုပ်ရခြင်းမှာ မိမိ အသုံးပြုမည့် PC က Windows ကျနေတာလဲဖြစ်ချင်ဖြစ်မယ်၊ အခုမှစပြီး Windows တင်မည့် PC လဲဖြစ်ချင်
ဖြစ်မယ်၊ ထိုသို့ဖြစ်သောကြောင့် Network Connection ထဲတွင် IP ထည့်လို့မရပါ။ ထို့ကြောင့် မိမိ PC သည် IP မရှိသောကြောင့် Network ကနေ Windows
တင်လို့ရမည်မဟုတ်ပါ။Service နှင့် ချိတ်ဆက်ပြီးမှ Windows တင်လို့ရမည်ဖြစ်သည်။ DHCP Server သည် IP Address များကို Auto ချပေးသည့် Service
ဖြစ်သည်။ထို့ကြောင့် IP Address များ Auto ချပေးရန်အတွက် DHCP Server ကို Install ပြုလုပ်ရခြင်းဖြစ်ပါသည်။
# Windows Deployment Service ကို Install ပြုလုပ်ခြင်း ကတော့ Network ပေါ်ကနေ Windows တင်ဖို့အတွက်ပဲ ဖြစ်ပါသည်။
1. ပထမဦးစွာ Active Directory Domain Service ဆို Install လုပ်ထားရမည်။ AD တင်ပြီးနောက် Active Directory User and Computer တွင်
User Account တစ်ခုတည်ဆောက်ထားရမည်။ (ဥပမာ - user1 )
2. နောက်ထပ်ပြီးတော့ DHCP Server ကို Install ပြုလုပ်ပေးရမည်။ DHCP Server လုပ်ပြီးလျှင် IP Address များ Dynamic ချပေးရန်အတွက်
DHCP ထဲတွင် Scoope အသစ်တစ်ခုတည်ဆောက်ပေးရမည်။
3. Acitve Directory Domain Services နှင့် DHCP ကို Install လုပ်ပြီးလျှင် မိမိအသုံးပြုမည့် Windows Deployment Services ကို Install ပြုလုပ်ရပါမည်။
Install ပြုလုပ်ပြီးလျှင် WDS Service ကို Configure ပြုလုပ်ရန်လိုအပ်သည်။ WDS Services ထဲတွင် Serverကို နှိပ် ပြီးလျှင်Servername ကိုထောက်ပြီး
Right Click >Configure Server ကိုနှိပ်ရမည်။Servername ကိုနှိပ်ပြီး Right Click > All task > Start ကိုနှိပ်ပေးရမည်ဖြစ်သည်။ ပြီးလျှင် မိမိတင်ချင်သည့်
Windows ခွေကိုထည့်ပေးရမည်။ ထို Windows ခွေထဲမှ Source Folder ထဲမှ Install.wim နှင့် Boot.wim ကို WDS Service ထဲသို့ကူးရမည်။
#Dream

Comments
Post a Comment