Website Block On MikroTik Router
==========================
Block လုပ်တာကိုပြောပြပေးမှာဖြစ်ပါတယ်။Mikrotik Router ထဲကို Login ဝင်ပြီးသွားပြီရင်
IP > Firewall ကို ဖွင့်ပါ။ Firewall Box လေးကျလာလျှင် သူ့ box ထဲက နောက်ဆုံး Layer 7 Protocol
ဆိုတဲ့ Tab လေးကိုသွားပါ။ အဲ့မှာရှိိတဲ့ (+)အပေါင်း ကို နှိပ်ပါ။ Layer 7 Protocol Box ကျလာပါလိမ့်မည်။
ထိုသို့ကျလာလျှင် Name မှာ ကြိုက်နှစ်သက်ရာနာမည်ထည့်ပါ။ ဥပမာ Name =Youtube လို့ပေးလိုက်ပါ။
အောက်က Box လေးထဲမှာ ^.+(youtube.com).*$ လို့ရေးထည့်ပီး Apply >Ok
နှိပ်ပေးပါ။ အခုလိုရေးပီးတာနဲ့ Youtube ကိုတော့ block လုပ်ဦးမှာ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်တို့က
Block လုပ်ချင်သည့် Target ကိုရေးထည့်ရဦးမည်ဖြစ်ပါသည်။Block လုပ်ရန်အတွက်
Advanced Tab ထဲရောက်လျှင် Layer 7 Protocol ရဲ့ ဘေးမှာ ရှိသည့် Down Arrow လေးကို နှိပ်ပေးပါ။
ထိုသို့ နှိပ်လိုက်သောအခါ ခုနကရေးထားတာ Youtube ဆိုသည့် Name လေးပေါ်လာမည်အဲ့တာကို Click
ထောက်လိုက်ပါ။ အာဆို Layer 7 Protocol မှာ Youtube ဆိုတာကိုရွေးပြီးသွားပီဖြစ်ပါသည်။ နောက်ထပ်
firewall rule box ထဲမှာပဲ Action ဆိုသည့် Tab ကို Click နှိပ်ပါ။ Action Tab ထဲ Action ဆိုသည့်အနောက်
မှာရှိသည့် Down Arrow လေးကို ကလစ်ထောက်ပီး reject ဆိုတာကိုရွေးပေးပါ။ ပီးလျှင်တော့ Apply > Ok
နှိပ်လိုက်ပါ။ ဒါဆိုရင် ခုနကသတ်မှတ်ခဲ့တဲ့ Network က Youtube အသုံးပြုလို့ရတော့မဟုတ်ပါဘူး။
အားလုံးပဲကျေးဇူးပါတင်တယ်ခင်ဗျ။
#crd Photo – Internet
Comments
Post a Comment