ဘာကြောင့် System Image လုပ်ထားဖို့ လိုအပ်သလဲ
ဘာကြောင့် System Image လုပ်ထားဖို့ လိုအပ်သလဲ 👨💻
Windows 10 Update အမြင့်ပိုင်း Version စက်တွေမှာ
ကွန်ပျူတာ System ပိုင်းဆိုင်ရာများပြဿာနာအမျိုးမျိုးကြောင့်
စက်ဖွင့်လိုက်တဲ့အချိန်မှာ Repair Error တက်နေတတ်ပါတယ်။
တစ်ခါတစ်လေတော့ Repair လုပ်တာ အချိန်အတော်ကြာ
စောင့်နေလိုက်ရင် ပြန်ရသွားတတ်ပေမယ့် လုံးဝကို Repair လုပ်လို့ 
မရတဲ့ စက်တွေလည်းရှိပါတယ်။ Backup Restore Point လုပ်ထားတာလဲမရှိ၊
Windows ခွေပြန်ထည့်၊ PC တစ်ခုလုံးကို Reset လုပ်ဖို့ အချိန်လည်းကြာမယ်၊
တစ်ခါတလေ Reset တောင်လုပ်လို့ မရတော့တဲ့စက်တွေလည်းရှိတယ်။
Advanced Options ကနေ Cmd ထဲဝင်ပြီး Boot Rebuild စတာတွေကို
ပြန်ပြင်ဆင်တဲ့နည်းတွေ မလုပ်တတ်သေးဘူးဆိုရင် System Image
လုပ်ထားသင့်ပါတယ်။ System Image လုပ်ထားခြင်းအားဖြင့်
စက်က တစ်ခုခုပြဿနာတက်ခဲ့ရင် ပြန်ပြီး Restore လုပ်နိုင်ပါတယ်။
ကွန်ပျူတာနဲ့  ပတ်သက်တာတွေ အမျိုးမျိုးစမ်းသပ်နေရတာကြောင့်
ကျနော်တို့ ကွန်ပျူတာလက်တော့ပ်လည်း Repair Error တွေ
တက်တာကြုံရပါတယ်။ System Image, Full Backup တွေ
လုပ်ထားတော့ ဘယ်အချိန်ပြဲ ပဿနာတက်တက် System Image,
Backup နောက်ဆုံးလုပ်ထားတဲ့ အချိန်ကနေ Restore လုပ်နိုင်ပါတယ်။
System Image လုပ်ထားဖို့ Control Panel ထဲကိုဝင်သွားပြီး
Backup and Restore(Windows7) ဆိုတာကိုနှိပ်ဝင်လိုက်ပါ။
ဘယ်ဘက် Panel မှာ Create a System Image ဆိုတာကို နှိပ်ပါ။
ညာဘက် Panel မှာရှိတဲ့ Backup and Restore လုပ်နည်းတွေကိုတော့
အရင်ကရေးခဲ့ပြီးပါပြီ။ System Image သိမ်းထားမယ့်နေရာ၊
HDD Free Space ရှိတဲ့ နေရာကို သူ့ အလိုလိုရှာဖွေနေပါလိမ့်မယ်။
ကိုယ်ကြိုက်တဲ့နေရာမှာ ရွေးသိမ်းထားပါ။ စက်ပြဿနာတက်လို့ 
Restore ပြန်လုပ်တဲ့အချိန်မှာ System Image ကို ရွေးပေးစရာမလိုပါဘူး။
စက်က သူ့ အလိုလိုရှာဖွေသွားပါမယ်။ System Image သိမ်းထားမယ်နေရာ
ရွေးပြီးသွားရင် Next ကိုနှိပ်ပါ။ ပြီးရင် Start Backup ကို နှိပ်ပေးလိုက်ပါ။
15 – 20 မိနစ်လောက်တော့ စောင့်ရတတ်ပါတယ်။ ပြီးသွားရင်
System Repair Dis လုပ်ထားချင်သလားမေးတဲ့ Message Box တက်လာရင်၊
DVD ခွေနဲ့  Repair Dis လုပ်ထားချင်ရင် DVD Drive ထဲကို ဘာမှမရှိတဲ့
ခွေအလွတ်အသစ်ထည့်ပေးပြီး Create Dis ကို နှိပ်ပေးလိုက်ပါ။
System Repair Dis လုပ်ပေးသွားပါလိမ့်မယ်။ ပြီးသွားရင် ခွေကို
မှတ်မိလွယ်တဲ့နာမည်ပေးပြီး သိမ်းထားပါ။ ပြဿနာတက်လာရင် ထည့်ပြီး
Repair လုပ်နိုင်ပါတယ်။ System Image လုပ်ထားခဲ့တာကို
ကိုယ်သိမ်းထားခဲ့တဲ့ နေရာမှာ ပြန်ကြည့်နိုင်ပါတယ်။
WindowsImageBackup ဆိုတဲ့ Folder တစ်ခုကို
တွေ့ ရပါမယ်။ အဲ့ဒါကို ဘာမှမလုပ်၊ Data တွေကို
Image Backup Folder ထဲမှာ လာမသိမ်းထားပါနဲ့ ။ သီးသန့် ထားထားပါ။
ကွန်ပျူတာက Repair Error သို့ မဟုတ် တစ်ခြားပြဿနာတွေတက်လာရင်၊
Windows တက်မလာတော့ရင် ခုနက System Repair Dis ကို ထည့်ပြီး
Restore လုပ်နိုင်ပါတယ်။ တကယ်လို့ System Repair Dis မလုပ်ခဲ့ရင်
System Image နဲ့ Restore လုပ်ရပါမယ်။ Drive ထဲကို Windows ခွေထည့်ပြီး
ခွေနဲ့ Boot တက်ပါ။ Windows ကို Install ကို မနှိပ်ပဲ အောက်နားလေးက
Repair Your Computer ဆိုတာကို နှိပ်လိုက်ပါ။
Choose An Option အောက်မှာ Troubleshoot ကိုနှိပ်၊
Advanced Options မှာ System Image Recovery ဆိုတာကို ရွေးနှိပ်ပြီး
Next တွေနှိပ်ပေးလိုက်ပါ။ နာရီဝက်လောက်စောင့်ပြီးသွားရင် နောက်ဆုံး
Backup လုပ်ထားတဲ့နေရာအတိုင်း Windows ပြန်တက်လာပါမယ်။
NetComplus
Comments
Post a Comment