Run Box ကို ပိတ်/ဖွင့်ခြင်း


Run Box ကိုခေါ်မယ်ဆိုရင်တော့ Windows Key + R ကို နှိပ်ပြီးခေါ်လို့ရပါသည်။ ဒီတစ်ခုကျတော့ Run Box ကို ခေါ်လို့မရအောင်ပိတ်ခြင်းပဲ ဖြစ်ပါသည်။ Run Box ကို ပိတ်ချင်လျှင် Local Group Policy Editor ကနေ ပိတ်လို့ရပါတယ်။ ပထမဦးစွာ Run Box ကိုပိတ်ဖို့အတွက် Local Group Policy Editor ထဲကိုဝင်ပါ။ Run box ကနေ gpedit.msc ဟုရိုက်၍လည်းရပါသည်။Local Group Policy Editor ထဲရောက်ပီဆိုလျှင်
User Configuration ကို နှိပ်ပါ။ ပြီးလျှင်အောက်က
Administrative Templates ကိုနှိပ်ပါ။Administrative Templates ထဲက Start Menu and Taskbar ကို ဖွင့်ပါ။ Start Menu and Taskbar ကိုဖွင့်ပြီးလျှင် ညာဘက်အကွက်ထဲမှာ Remove Run menu from Start Menu ကိုဖွင့်ပါ။ Remove Run menu from Start Menu box လေးကျလာလျှင် Enabled ဆိုတဲ့နေရာကိုရွေးပေးပါ။ ပြီးလျှင် Apply, Ok နှိပ်ပေးပါ။
အဲ့လိုနှိပ်ပြီးသွားပြီဆိုတာနဲ့ Windows Key + R နှိပ်ပြီး  Run Box ကိုပြန်ခေါ်ကြည့်ပေးပါ။ အရင်လို Run Box မကျတော့ပဲ Restrictions ဆိုတဲ့ box လေးကျလာပီး အဲ့ထဲမှာ This Operation has been cancelled due to restrictions in effect on this computer. Please contact your system administrator. ဆိုပီး ပေါ်လာမည်ဖြစ်ပါသည်။
#dreamtechnologies
#Runbox

Comments

Popular Posts